Monday, June 13, 2011

ကျင့်ဆောင် လိုက်လျောက်၇န် - ပညတ်တော်မြတ် ၆၁၃ ပါး


မေးလိုက်လျင် ..ခရစ်ယာန် အများစုဟာ ထာဝရဘုရား၏ အလိုတော်ကို လိုက်နာလိုသုများဖြစ်ကြတယ်။ ဒါပေမဲ့..ထာဝရဘုရား၏ အလိုတော်ဟာဘာလဲ လို့မေးလိုက်ရင်တော့...အဖြေခက်ကြတယ်။ ညီအကို မောင်နှမတို့ ..ထာဝရဘုရား၏ အလိုတော်ဟာ ကျမ်းစာထဲမှာ ကွက်ကွက်ကွင်းကွင်း ဖေါ်ပြထားပြီးသားဖြစ်တယ်။ အဲဒီအလိုတော် တွေကို ဒီကနေ့..ခရစ်ယာန် အများစု..(သိပ်ခါတော်ရကြီးတွေအပါအဝင်)....ဓမဟောင်းထဲက ဟာတွေ တို့နဲ့မဆိုင်တော့ဘူး...ဂျုးကျမ်းတွေဆိုပဲ။ တကယ် ဝမ်းနည်းစရာပါပဲ......


ကျွန်တော်တို့ရဲ့ ကယ်တင်ခြင်းဟာ...သခင်ယေရှု၏ အသက်သေ၊ ရှင်ပြန်ထမြောက် ခြင်းကို ယုံကြည်ခြင်းအားဖြင့် သာရယူနိုင်တာဖြစ်တယ်။ သို့သော်များလည်း ...ကယ်တင်ခြင်းရပြီးနောက် ထာဝရဘုရား၏ အလိုတော်နှင့်ပြည့်စုံကြွယ်ဝ၊ တိုးတက် တဲ့အသက်တာကိုတော့ ထာဝရဘုရား၏ ပညတ်တို့ကို ကိုယ်ကိုတိုင် လိုက်လျောက်မှသာ ရရှိနိုင်တာဖြစ်တယ်။ 

ညီအကို မောင်နှမတို့ ...အပြစ်ဆိုတာ  ထာဝရဘုရား၏ ပညတ်တို့ကိုချိုးဖောက်ခြင်းဖြစ်တယ် (ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၎)။....ယေရှု (Grace) အားဖြင့် သင်သည်အပြစ်သား မဟုတ်တော့ချေ။ သို့သော်များလည်း...ထို Grace အားဖြင့်ပညတ်တို့ကိုဆက်လက် ချိုးဖောက်ခြင်းကို ထာဝရဘုရားမလိုလား။  Grace အားဖြင့် ကျေးဇူးတင်သော နှလုံးသားနှင့် ထာဝရဘုရား၏ ပညတ်တို့ကို လိုက်လျောက်ခြင်းသည် ထာဝရဘုရား၏ အလိုတော်ဖြစ်သည်။ 


တမန်တော်ကြီးပေါလုက ပြောတယ်..."ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော် (Grace) ပွါးများစေခြင်းငှါ အပြစ်တရား (ပညတ်တို့ကိုချိုးဖောက်ခြင်း) ကိုကျင့်၍ နေရမည်လော။ ထိုသို့မနေရ။ အပြစ်တရား တွင်သေပြီးသောသူတို့သည် (born again).. ထို(အပြစ်)တရား၌ အဘယ်သို့ရှင်ရဦး မည်နည်း။ ...." (ရောမသြဝါဒစာ အခန်းကြီး ၆း၁-၂)


ဆင်ခြင်ကြည့်ပါ မိတ်ဆွေ.......
ထာဝရဘုရား၏ အလိုတော်ကို လိုက်နာနိုင်ကြသောသုများဖြစ်ပါစေ လို့ဆုမွန်းကောင်းတောင်းလျက်။

Shalom!
ကိုညီညီ (Yisra'el)


ဤပညတ်တော် တို့အားမဖတ်မည် စိတ်နှလုံးထဲတွင် ကိမ်းဝတ်ရန် ကျမ်းချက်များ - 

- လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။ အကျင့်အားဖြင့်ရောက်သည်ကို သင်တို့သိမြင်ရကြ၏။ (ရှင်ယာကုပ်သြဝါဒစာ ၂း၂၄)

- အကြောင်း မူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကိုကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ရောက်လိမ့်မည်။ (ရောမသြဝါဒစာ၂း၁၃)

- ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါတို့သည်သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏စကားတော်ကို နားထောင်သောသူတို့အား ပေးသနားတော်မူ သော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။ (တမန်တော်ဝတ္ထု  ၅း၃၂)

- ထိုယေရှုသခင်ကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ထိုယေရှုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။ (ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၃-၄)

မြေကြီးအရာကို ငါပြော၍ သင်တို့သည်မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ်သို့ယုံကြလိမ့်မည်နည်း။ (ရှင်ယောဟန်ခရစ်ဝင် ၃း၁၂)

 - အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ (ဗျာဒိတ်ကျမ်း ၂၂း၁၄)

- ယေရှုက.....ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ (ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄း၁၅)


ပညတ်တော်မြတ် ၆၁၃ ပါး


ဘုရားသခင်နှင့်ပတ်သက်သောညွန်ကြားချက်များ -

(၁) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားရှိသည်ကိုသိပါ။  (ငါသည် သင့်ကိုကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။  ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၀း၂)

(၂)  ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ အမည်နာမ ကို သီးသန့်ထားပြီး မြင့်တင်ပါ။ (သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်ချရ။ ထာဝရဘုရားသန့်ရှင်းတော် မူသည်ဟု ဣသရေလအမျိုးသားတို့သည် ထင်မှတ်ရကြမည်။ ၀တ်ပြုရာကျမ်း  ၂၂း၃၂)

(၃) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်သည် တစ်ဆူတည်းသော ဘုရားဖြစ်၏။  (အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။ တရားဟောရာကျမ်း ၆း၎)

(၄) ယဟို(ဗ)ဝါးיהוה ထာဝရဘုရားသခင် ကိုချစ်ပါ။ (သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ တရားဟောရာကျမ်း ၆း၅)
 
(၅)  ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် ကို ဝတ်ပြု၊ ချစ်ကြောက်ရိုသေပါ။ (သင်၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ ... တရားဟောရာကျမ်း ၆း၁၃)

(၆)  ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ ပညတ်တို့ကို လိုက်နာစောင့်ထိမ်းပါ။ (သင်သည် သင်၏ ဘုရားသခင်ထာဝရဘုရား ၏ပညတ်တော်တို့ကိုစောင့်၍ လမ်းတော်သို့ လိုက်လျှင်၊ ထာဝရဘုရား ကျိန်ဆိုသည်အတိုင်း၊ သင့်ကို ကိုယ်တော် အဘို့သန့်ရှင်းသော အမျိုးအစဉ်အမြဲ ဖြစ်စေတော်မူမည်။ တရားဟောရာကျမ်း ၂၈း၉ )

(၇) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် မှလွဲပြီး ဘယ်ဘုရားဟုဆိုသော အရာကိုမှ မကိုးကွယ်ရ။  (ငါမှတပါးအခြားသောဘုရားကို မကိုးကွယ် နှင့်။ ထွက်မြောက်ရာကျမ်း  ၂၀း၃)

(၈) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် ကိုမကျိန်ဆဲရ။ (ဘုရားသခင်ကို လွန်ကျူး၍မပြောရ။ ...ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၂း၂၈)

(၉) ယဟို(ဗ)ဝါး  יהוהထာဝရဘုရားသခင်၏ အမည်နာမ ကိုမဖြက်စီးရ။ (သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်ချရ။ ထာဝရဘုရားသန့်ရှင်းတော် မူသည်ဟု ဣသရေလအမျိုးသားတို့သည် ထင်မှတ်ရကြမည်။ ၀တ်ပြုရာကျမ်း  ၂၂း၃၂)

(၁၀) ယဟို(ဗ)ဝါး  יהוהထာဝရဘုရားသခင် ကို သွေးတိုးမစမ်းရ။ (သင်သည် မဿာအရပ်၌ပြုသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။ တရားဟောရာကျမ်း ၆း၁၆)  

(၁၁) ယဟို(ဗ)ဝါး  יהוהထာဝရဘုရားသခင်၏ ပညတ်တရားတိုကို လစ်လူရှု့ နှမ့်ချခြင်း မပြုလုပ်ရ။(ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာစောင့်ရှောက်လော့၊ ထပ်၍မပိုရ၊ နှုတ်၍မလျော့စေရ။ တရားဟောရာကျမ်း ၁၂း၃၂)

(၁၂) ယဟို(ဗ)ဝါး יהוהထာဝရဘုရားသခင်၏ ပညတ်တရားတိုကို ပြုပြင် ဖြက်ဆီးခြင်း မပြုလုပ်ရ။(ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာစောင့်ရှောက်လော့၊ ထပ်၍မပိုရ၊ နှုတ်၍မလျော့စေရ။ တရားဟောရာကျမ်း ၁၂း၃၂) 

(၁၃) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ အလိုတော်ကိုဝန်ခံကြရမည်။ (သင်၏ဘုရားသည်ထာဝရဘုရားကို ကြောက်ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ .. တရားဟောရာကျမ်း အခန်းကြီး ၁၀း၂၀) 

 ပညတ်တရား ကျမ်းစာ နှင့်ပတ်သက်သောညွန်ကြားချက်များ -

(၁၄) အသက်ကြီးသော လူကြီး ရွယ်အို တို့ကိုရိုသေပါ။ (ဆံပင်ဖြူသော သူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏ မျက်နှာကို ရိုသေရမည်။ သင်၏ဘုရားသခင်ကို ကြောင်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၃၂)

(၁၅) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ ပညတ်တို့ကို လေ့လာဆည်းပုး ပြီး သား၊ သမီးတို့အား အစဉ်မပြတ် သွန်သင်ရမည်။ (ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။ တရားဟောရာကျမ်း ၆း၇ ) 

(၁၆) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ ပညတ်သီချင်းကို ကိုကိုယ်တိုင် ကုးမှတ်ရေးသားပြီး၊ ဆောင်ထားရမည်။ (ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထိုသီချင်းကို  ဣသရေလ အမျိုးတဘက်၌ ငါ့အဘိုးသက်သေဖြစ်စေခြင်းငှါ၊ သူတို့သည် နှုတ်ကျက်ရအောင်သင်စေကြလော့။ တရားဟောရာကျမ်း ၃၁း၁၉ )

အနေအထိုင် ဓလေ့ထုံးစံ နှ့င်ပတ်သက်သောညွန်ကြားချက်များ -

(၁၇) ဖွားမြင်သော သားယောက်ကျားတို့အား အရေ ဖျားလှီးမင်္ဂလာပြုရမည်။ ( အရေ ဖျားလှီးမင်္ဂလာသည်၊ ငါနှင့် သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာ သက်သေဖြစ်ရလိမ့်မည်။ ကမ္ဘာဦးကျမ်း ၁၇း၁၁)

(၁၈) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ ပညတ်တော်တို့ကို သတိရရန် အဝတ်စွန်းတို့၌ ပြာသောကြိုးနှင့် ချီတွဲပြီး ပန်းပွားတို့ကိုဝတ်ဆင်ပါ။ (သူတို့အမျိုးအစဉ်အဆက်တို့သည်၊ အဝတ်စွန်းတို့၌ ဆွဲစရာဘို့ ပန်းပွားတို့ကိုလုပ်၍၊ ပြာသောကြိုးနှင့် ချီတွဲရကြ မည်။ ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သောအခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက်မေ့ ၍ ကျင့်ကြမည်အကြောင်း၊ အထက်ကကိုယ်အလိုသို့ လိုက်လျက်၊ ကိုယ်ဥာဏ်ကိုမှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက်၊ မမှီဝဲ၊တောလည်ရာကျမ်း ၁၅း၃၈-၃၉ )

(၁၉) တဖီလင် သားရေကြိုးကို နဖုးပေါ်တွင် ဝတ်ဆင်ပါ။ (ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့င်း ချည်ထားရမည်။ တရားဟောရာကျမ်း  ၆း၈)

(၂၀) တဖီလင် သားရေကြိုးကို လက်တွင်ကြစ်ပြီး ဝတ်ဆင်ပါ။ (ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့င်း ချည်ထားရမည်။ တရားဟောရာကျမ်း  ၆း၈)

(၂၁) မဇူဇာ ကျမ်းစာလိပ် ကိုအိမ်တံခါးတွင် ချိတ်ထားပါ။(အိမ်တံခါး၊မြို့တံခါးတို့၌လည်း ရေးထားရမည်။တရားဟောရာကျမ်း  ၆း၉ )

(၂၂) ယောက်ကျားတို့ သည် မိန်းမများအတွက် ပြုလုပ်ထားသော အဝတ်အစားကို မဝတ်ဆင်ရ။ (မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ၏။ တရားဟောရာကျမ်း  ၂၂း၅)

(၂၃)  မိန်းမတို့ သည် ယောက်ကျားများအတွက် ပြုလုပ်ထားသော အဝတ်အစားကို မဝတ်ဆင်ရ။ (မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ၏။ တရားဟောရာကျမ်း  ၂၂း၅)

(၂၄) ဝါနှင့်သိုးမွေးကိုရောနှော၍ ရက်သောအဝတ်ကို မဝတ်ရ။ (ဝါနှင့်သိုးမွေးကိုရောနှော၍ ရက်သောအဝတ်ကို မဝတ်ရ။ တရားဟောရာကျမ်း  ၂၂း၁၁)

အစားအသောက် နှ့င်ပတ်သက်သောညွန်ကြားချက်များ -

(၂၅)  ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် တားမြစ်ထားသော (ခွါတိတိမကွဲပြား၍ စားမြုံ့မပြန်သောသားများ) ဝက်၊ မြင်း၊ ကလအုပ် စသည်ဖြင့် သားကောင်များအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၂၆) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် တားမြစ်ထားသော ငါးခူ၊ ငါးရှင့်၊ ဂဏန်း၊ ပုဇွန် (အယပ်နှင့် အကြေးမရှိ) စသည်ဖြင့် ရေသတဝါများအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၂၇) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် တားမြစ်ထားသော သိန်းငှက်၊ လင်းတ၊ လင်းဆွဲ၊ ဇီးကွက် စသည်ဖြင့် ကျေးငှက်များ အား မစားရ။ (ငုံး၊ ဘဲကင် စားလို့ရတယ်) (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၂၈) ချ၊ တီကောင်၊ ပိုးမွား စသည်ဖြင့် အကောင်ဘလောင်များအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၂၉ ) မြေတွင်တွားသော ကင်းမီးကောင်၊ ကင်းခြေများ စသည်ဖြင့် ပိုးကောင်များအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၃၀) ကြွက်၊ ပုး၊ ယုံ၊ ခွေး စသည်ဖြင့်တို့ကို မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၃၁) ရေတွင်တွားသော ပိုးကောင်များအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၃၂) အတောင်ရှိသော တွားသွား ပိုးကောင်များအား မစားရ။ (ခြင်၊ ယင် စသည်ဖြင့်) (အတောင်ရှိလျက် တွားတတ်သော တိရစ္ဆာန်ရှိသမျှ တို့သည် သင်တို့၌ မစင်ကြယ်သည်ဖြစ်၍ အသားကိုမစားရ။ တရားဟောရာကျမ်း ၁၄း၁၉ )

(၃၃) သားရဲကိုက်ထားသော အသားတို့အား မစားရ။ (သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကိုမစားရ။ ခွေးတို့အားပစ်ပေးရမည်။ ထွက်မြောက်ရာကျမ်း  ၂၂း၃၁)

(၃၄) အလိုလိုသေသောအကောင်တို့ကို မစားရ။ (အလိုလိုသေသောအကောင်ကို မစားရ။တရားဟောရာကျမ်း ၁၄း၂၁)

(၃၅) သားရဲ အား ဖဲ့ပြီးအရှင်လတ်လတ် မစားရ။ (အသားနှင့်တကွ အသက်ကိုမစားရ။တရားဟောရာကျမ်း အခန်းကြီး ၁၂း၂၃)

(၃၆) သားကောင်အမေ နှင့်သားအမိ ကိုတရက်အတွင်းတွင်မသတ်စားရ။( နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ သားအမိနှစ်ကောင်ကို တနေ့ခြင်းတွင် မသတ်ရ။ ၀တ်ပြုရာကျမ်း အခန်းကြီး ၂၂း၂၈)

(၃၇) ငှက်မိခင် နှင့် သုမ၏ သား၊ သမီး တို့အား အတူတူမဖမ်းစီးရ။ (သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ ငှက်မသည် အဥများ၊ သားငယ်များကို ဝပ်လျက် နေသည်ကိုတွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကို မယူရ။တရားဟောရာကျမ်း ၂၂း၆)

(၃၈) ကျောက်ခဲနှင့် ပစ်၍သတ်ရမည့် ကျွဲ၊ နွား တို့၏အသားကိုမစားရ။ ( နွားသည် လူယောက်ျားမိန်းမကို ခွေ့၍ လူသေလျှင်၊ စင်စစ် ထိုနွားကိုကျောက်ခဲနှင့် ပစ်၍သတ်ရမည်။ အသားကိုလည်းမစားရ။ နွားရှင်ကိုကား၊ ပြစ်လွှတ်ရမည်။ ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၁း၂၈)

(၃၉) ဆိတ်သငယ် အား သုူ၏အမိ နို့ရည် တွင်မပြုတ်စားရ။ (ဆိတ်သငယ်ကို အမိနို့ရည်မပြုတ်မချက်ရ။ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၃း၁၉ )

(၄၀) မိခင် နှင့် သားသငယ် ကိုစားရန်ဖြစ်သော်လဲ လေးလေးစားစား ပြုဆောင်တတ်ပါ။ (ဆိတ်သငယ်ကို အမိနို့ရည်မပြုတ်မချက်ရ။ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၃း၁၉ )

(၄၁)  ပေါင်ချန်၌ရှိသော အကြောကြီးကိုမစားသင့်။ (ထိုသို့ ယာကုပ်၏ပေါင်ချန်အကြောကြီးကို ထိုးတော် မူသောကြောင့် ဣသရေလအမျိုးသားတို့သည် ပေါင်ချန်၌ရှိသော အကြောကြီးကို ယနေ့တိုင်အောင် မစားရှောင် လေ့ရှိကြ၏။ ကမ္ဘာဦးကျမ်း ၃၂း၃၂)

(၄၂) အဆီ အအိမ့် တိုကိုရှောင်ကျင်ပါ။ (သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်းမစားရ။ဝတ်ပြုရာကျမ်း အခန်းကြီး ၇း၂၃)

(၄၃) သားကောင်တို့၏ အသွေးကို မသောက် မစားရ။ (သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကိုမစားရ။ဝတ်ပြုရာကျမ်း အခန်းကြီး ၇း၂၆)

(၄၄) အစား အသောက် ကို လွန်ကျုးခြင်း မပြုရ။ ( မကောင်းသော အတတ်ကို မပြုစုရ။ ....။ဝတ်ပြုရာကျမ်း ၁၉း၂၆)

(၄၅) အစားတလုပ် မစားခင် ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်ပညတ်တို့ကို သတိရလျက် ဆင်ခြင်ပါ။ (ခွါကွဲပြား၍ စားမြုံ့ပြန်သောသားများကို သင်တို့သည် စားရသောအခွင့်ရှိ၏။ ၀တ်ပြုရာကျမ်း ၁၁း၃)

(၄၆) ဘာရေစာမှ မစားခင် ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်ပညတ်တို့ကို သတိရလျက် ဆင်ခြင်ပါ။ (ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌နေသောတိရစ္ဆာန် တကာတို့တွင်၊ အယပ်နှင့် အကြေးရှိသော တိရစ္ဆာန် ကိုသာစားရမည်။  ၀တ်ပြုရာကျမ်း ၁၁း၉)

(၄၇)  ဘာငုက်ကိုမှ မစားခင် ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်ပညတ်တို့ကို သတိရလျက် ဆင်ခြင်ပါ။ (စင်ကြယ်သောငှက် အမျိုးမျိုးကိုစားရ သောအခွင့်ရှိ၏။ တရားဟောရာကျမ်း အခန်းကြီး ၁၄း၁၁)

(၄၈) ဘာပိုးကောင်ကိုမှ မစားခင် ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်ပညတ်တို့ကို သတိရလျက် ဆင်ခြင်ပါ။  (အာရာဘ ကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကိုစားရမည်။ ၀တ်ပြုရာကျမ်း ၁၁း၂၂)

(၄၉) စားသုံးရန် တိရစ္ဆာန်တို့ ကို  ယဟို(ဗ)ဝါး יהוהထာဝရဘုရားသခင် ညွန်ထားသည့်အတိုင်း အသွေးကိုသွန်၍သတ်ပါ။ (သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသောအရပ်သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေးတော်မူသော သိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာ အရပ်၌ စားချင်တိုင်းစားရသော အခွင့်ရှိ၏။ တရားဟောရာကျမ်း ၁၂း၂၁)

(၅၀) ငှက်သိုက် ကိုယူလျင် မိခင်ငှက်ကို အသက်ချမ်းသာရာပေးပါ။ (သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ ငှက်မသည် အဥများ၊ သားငယ်များကို ဝပ်လျက် နေသည်ကိုတွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကို မယူရ။
သင်သည်ကောင်းစား၍ အသက်တာရှည်မည်အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကိုလွှတ် ရမည်။ တရားဟောရာကျမ်း ၂၂း၆-၇)
(၅၁) သားလိုက်၍ ရသော တိရစ္ဆာန်တို့ ၏အသွးကို မြေတွင်သွန်၍ ဖုံးအုပ်ပါ။ (ဣသရေလအမျိုးသားမှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကိုသွန်၍ မြေနှင့်ဖုံးရမည်။ ၀တ်ပြုရာကျမ်း အခန်းကြီး ၁၇း၁၃)



လိင်အင်္ဂါ နှ့င်ပတ်သက်သောညွန်ကြားချက်များ -

(၅၂) သင်၏ဆွေမျိုးတို့ နှင့်မတရားသော မေထုံမပြုရ။ (သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း၍သံဝါသမပြုရ။ ငါသည်ထာဝရ ဘုရား ဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၆)

(၅၃) သင်၏ မိခင်နှင့် မေထုံမပြုရ။ (သင်၏အဘနှင့်သာဆိုင်သော သင်၏အမိကိုမချဉ်းရ။ ကိုယ်အမိဖြစ်သောကြောင့် သံဝါသ မပြုရ။ ၀တ်ပြုရာကျမ်း ၁၈းရ)

(၅၄)  သင်၏ ဖခင်အရှက်ကိုဖော်၍  မေထုံမပြုရ။ (သင်၏အဘနှင့်သာဆိုင်သော သင်၏အမိကိုမချဉ်းရ။ ကိုယ်အမိဖြစ်သောကြောင့် သံဝါသ မပြုရ။ ၀တ်ပြုရာကျမ်း ၁၈းရ)

(၅၅) သင့်အဖ ၏ မယားနှင့် မေထုံမပြုရ။ (ကိုယ်အဘ၏ မယားမည်သည်ကိုမချဉ်းရ။ အဘနှင့်သာဆိုင်၏။ဝတ်ပြုရာကျမ်း ၁၈း၈)

(၅၆) သင့်၏ အမ၊ နှမ အားမေထုံမပြုရ။ (တအိမ်တည်း၌မွေးဘွားသည်ဖြစ်စေ၊ အခြားသောအရပ်၌ မွေးဘွားသည်ဖြစ်စေ၊ သင်၏နှမကိုမချဉ်းရ။ဝတ်ပြုရာကျမ်း ၁၈း၉)  

(၅၇) သင့်၏ အဖေတူ အမေကွဲ အမ၊ နှမ အားမေထုံမပြုရ။ (အမိခြားသော်လည်း တဘတည်းဖြစ်သောနှမကို မချဉ်းရ။ ၀တ်ပြုရာကျမ်း ၁၈း၁၁)

(၅၈) သင်၏ ချွေးမ နှင့်မေထုံမပြုရ။ (သား၏မယားတည်း ဟူသော ချွေးမကို၎င်း ၀တ်ပြုရာကျမ်း ၁၈း၁၀)

(၅၉) သင်၏ သားမှပေါက်ပွားသော မြေးနှင့် မေထုံမပြုရ။ (ကိုယ်မယား၏ ပေါက်ဘော် ရင်းဖြစ်သော မယား၏သမီး၊ မယား၏မြေးကိုမချဉ်းရ။ မတရားသောအမှုဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၁၀)

(၆၀) သင်၏ သမီးနှင့်မေထုံ မပြုရ။ (၀တ်ပြုရာကျမ်း ၁၈)

(၆၁) သင့်အဖေ၏ ညီမ သို့မဟုတ် အမဖြင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၂)  သင့်အမေ၏ ညီမ သို့မဟုတ် အမဖြင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၃) သင့်ဦးလေး ၏ မယားဖြင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၄) သင့်၏ဦးလေး နဲ့လည်း မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၅)  သင်၏ သမီးမှပေါက်ပွားသော မြေးနှင့် မေထုံမပြုရ။ (ကိုယ်မယား၏ ပေါက်ဘော် ရင်းဖြစ်သော မယား၏သမီး၊ မယား၏မြေးကိုမချဉ်းရ။ မတရားသောအမှုဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၁၀)

(၆၆ ) သင့် အကိုသော်၎င်း၊ ညီသော်၎င်း ၏ မယားနှင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၇) သင့် မယား၏ သမီးများဖြင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၈) သင့်မယား ၏ သားမှပေါက်ပွား သော သမီးများဖြင့် မေထုံမပြုရ။ (၀တ်ပြုရာကျမ်း ၁၈)

(၆၉) သင့်မယား ၏ သမီးမှပေါက်ပွား သော သမီးများဖြင့် မေထုံမပြုရ။ (၀တ်ပြုရာကျမ်း ၁၈)

(၇၀) သင်၏ ယောင်းမ နှင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၇၁)  ရာသီ လာနေသော အမျိုးသမီး နှင့် လိင်မဆက်ဆံရ။ (ဥတုရောက်၍မစင်ကြယ်သော မိန်းမကိုလည်းမချဉ်းရ။ ၀တ်ပြုရာကျမ်း ၁၈း၁၉ )

(၇၂) သူတပါး၏ မယားဖြင့် လိင်မဆက်ဆံရ။ (ကိုယ်ကိုညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။ ၀တ်ပြုရာကျမ်း ၁၈း၂၀ )

(၇၃) ယောက်ကျားအချင်းချင်း  မေထုံမပြုရ။ (မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ယောက်ျားချင်း မပေါင်း ဘော်ရ။ ရွံရှာဘွယ်အမှုဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၂၂ )

(၇၄) ယောက်ကျားတို့ တိရစ္ဆာန် သတဝါ တို့နှင့်  လိင်မဆက်ဆံရ။ (ကိုယ်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့် မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကို မခံရ။ ရွံရှာဘွယ်သောရောနှောခြင်းဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၂၃ )

(၇၅)  မိန်းမတို့လည်း တိရစ္ဆာန် သတဝါ တို့နှင့်  လိင်မဆက်ဆံရ။ (ကိုယ်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့် မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကို မခံရ။ ရွံရှာဘွယ်သောရောနှောခြင်းဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၂၃ )

(၇၆ )  လူသော်၎င်း၊ တိရစ္ဆာန်သော်၎င်း ဂွေးသင်းခြင်း မပြုရ။ (ကိတ်နယ်စုတ်ပြတ်ရာအနာရှိသော အထီး ကို ထာဝရဘုရားအား မပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမပြုရ။ ၀တ်ပြုရာကျမ်း အခန်းကြီး ၂၂း၂၄)

အခြင်းခြင်း တဦးနှင့်တဦး ဆက်ဆံရေး နှင့်ပတ်သက်သောညွန်ကြားချက်များ - 


 (၇၇) ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ (ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၈)

(၇၈) နှိမ့်ချခြင်း၊ စိတ်နှလုံး အမှန်အကန် ဖြင့် အပြစ်ရှိသောသူကိုဆုံးမ သွန်သင်ပါ။ (သင်၏ညီအစ် ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့်စပ်ဆိုင်သောသူ၌ ရှိသောအပြစ်ကို တတ်တိုင်းမရှိစေဘဲ၊ သူ့ကိုအမှန်ဆုံးမရမည်။ ၀တ်ပြုရာကျမ်း ၁၉း၁၈)

(၇၉) သင်ကိုချစ်သောသူဖြစ်ဖြစ်၊ မုန်းသောသူဖြစ်ဖြစ် ကိုကူညီနိုင်သော သူတိုင်းကိုကူညီမစရမည်။ (သင့်ကိုမုန်းသောသူ၏ မြည်းသည်၊ မိမိဆောင်ရွက်သောဝန် အောက်မှာ လဲနေသည်ကိုတွေ့မြင်လျှင်၊ မမစဘဲနေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်။ ထွက်မြောက်ရာကျမ်း ၂၃း၅)

(၈၀) သင်၏လမ်းတွင် မတော်တယော် ဒုတ်ခရောက်နေသော သူတွေ့လျင် မစကူညီပါ။ (ညီအစ်ကို၏ မြည်းနွားသည် လမ်း၌လဲလျက်ရှိသည်ကို ကြည့်၍ မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက်မစရမည်။ တရားဟောရာကျမ်း ၂၂း၎)

(၈၁) သုတပါးအား မကောင်းကြံစည် ခြင်းမပြုရ။ (ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ၀တ်ပြုရာကျမ်း ၁၉း၁၆)

(၈၂) သင်တို့သည် အချင်းချင်း မညှဉ်းဆဲရ။ (သင်တို့သည် တယောက်ကိုတယောက် မညှဉ်းဆဲရ။ သင်တို့၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၂၅း၁၇)

(၈၃)  အတင်းမပြောရ။ သုတပါး၏ မကောင်းသိတင်း ကိုမဖြန့်ဝေရ။  (သူ့အသရေပျက်သောသိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၆)

(၈၄) အချင်းချင်း အညိုးမထားရ။  (သင်၏ညီအစ် ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့်စပ်ဆိုင်သောသူ၌ ရှိသောအပြစ်ကို တတ်တိုင်းမရှိစေဘဲ၊ သူ့ကိုအမှန်ဆုံးမရမည်။ ၀တ်ပြုရာကျမ်း ၁၉း၁၇)

(၈၅) အချင်းချင်း အရှက်မခွဲရ။ ဂရုနာ ဖြင့်သာ အသိပေး ဆုံးနရမည်။ (သင်၏ညီအစ် ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့်စပ်ဆိုင်သောသူ၌ ရှိသောအပြစ်ကို တတ်တိုင်းမရှိစေဘဲ၊ သူ့ကိုအမှန်ဆုံးမရမည်။ ၀တ်ပြုရာကျမ်း ၁၉း၁၇)

(၈၆) အချင်းချင်း ဂလဲ့စား မချေရ။(သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ရ။ မငြိုးမထားရ။ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၈)

(၈၇)  အချင်းချင်း တယောက်နှင့်တယောက် ကိုယ်နှင့်အမျှချစ်ရမည်။(သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ရ။ မငြိုးမထားရ။ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၈)

(၈၈) မသိနားမလည်သောသုကို မကျိန်ဆဲရ။ (နားပင်းသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍လဲစရာ ကိုမထားရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၄)

(၈၉)  မသိနားမလည်သောသုကို ထိမိ၍လဲစရာ အပြစ်လုပ်စေခြင်း မပြုရ။ (နားပင်းသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍လဲစရာ ကိုမထားရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁)

(၉၀)  သင်၏လမ်းတွင် မတော်တယော် ဒုတ်ခရောက်နေသော ညီအကို (သို့) ကျွဲ၊ နွားကို တွေ့လျင် မကူညီပဲမနေပါနှင့်။ (ညီအစ်ကို၏ မြည်းနွားသည် လမ်း၌လဲလျက်ရှိသည်ကို ကြည့်၍ မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက်မစရမည်။ တရားဟောရာကျမ်း ၂၂း၎

ဝတ်ပြုခြင်း၊ ဂုဏ်ဆော်ချီးမွမ်းခြင်း နှင့်ပတ်သက်သောညွန်ကြားချက်များ -

(၉၁) ထိုဘုရားသခင်ကိုသာ ဝတ်ပြုကိုးကွယ်ရမည်။ (သင်တို့၏ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကို၎င်း၊ ရေကို၎င်း၊ ကောင်းကြီးပေးတော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နှုတ်ယူပယ်ရှားတော်မူမည်။ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၃း၂၅၊  သင်၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမတော်အားဖြင့်လည်း ကျိန်ဆိုခြင်းကို ပြုရမည်။ တရားဟောရာကျမ်း အခန်းကြီး ၆း၁၃)

(၉၂) ရှီမား ကို နေ့စဉ် ရွတ်ဆိုရမည်။ (ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်၊ တရားဟောရာကျမ်း ၆း၇)

(၉၃) အစား စားရတိုင်း ယဟို(ဗ)ဝါး יהוה ထာဝရဘုရား အား ကျေးဇုးတော် ချီးမွမ်းရမည်။ (ထိုကောင်းမွန်သောပြည်ကို ပေးသနားတော်မူသည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီမွမ်းရမည်။တရားဟောရာကျမ်း ၈း၁၀)

အိမ်ထောင်မိသားစု နှင့်ပတ်သက်သောညွန်ကြားချက်များ - 


(၉၄)  သင်၏ မိဘများအား ရိုသေစွာပြုစုရမည်။ (သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည် အကြောင်း၊ သင်၏မိဘကိုရိုသေစွာ ပြုလော့။ထွက်မြောက်ရာကျမ်း ၂၀း၁၂)

(၉၅) သင်၏ မိဘများအား လေးစား ရမည်။ (လူတိုင်းကိုယ်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ ကိုလည်းစောင့်ရမည်။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၃)

(၉၆) သင်၏ အမျိုးများပြားရန် ကလေးများမွေးရမည်။ (အချင်းတို့၊ များပြားစွာမွေးဘွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။ကမ္ဘာဦးကျမ်း ၁း၂၈)

(၉၇) အပြစ်(ဘုရားသခင်၏ ပညတ်တို့ကိုချိုးဖောက်) သိ၇က်နှင့် လုပ်သော မယားအား ဖြတ်စာဖြင့်ကွဲလွတ်ရမည်။ (တစုံတယောက်သောသူသည် မယားနှင့်ထိမ်းမြား၍ ဆက်ဆံပြီးမှ တဖန် အပြစ်တင်စရာ အကြောင်း ရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်ပေးသဖြင့်လွှတ်လိုက်ရမည်။တရားဟောရာကျမ်း  ၂၄း၁)

(၉၈) လောလောလတ်လတ် အိမ်ထောင်ပြု ပြီးသောအမျိုးသားသည် တနှစ်တာ မျှ စစ်တိုက် မထွက်ရ။ သူ၏မယားကိုသာ လျှင်ပြုစုပြိုးထောင်ပေးရမည်။ (အိမ်ထောင်ဘက်ပြုစရှိသောသူသည် စစ်တိုက်မသွားရ။ မင်းအမှုကို မဆောင်ရ။ တနှစ်ပတ်လုံး ကိုယ့်အိမ်၌ အလွတ်နေ၍ မယားကိုကျွေးမွေးပြုစုရမည်။ တရားဟောရာကျမ်း ၂၄း၅)

(၉၉) သင်၏ အမျိုးသမီးအား အခြားယောက်ကျားဖြင့် ဖောက်ပြန်သည် ဟုသံသရ ရှိခဲ့လျင်  ယဇ်ပုရောဟိတ် ထံသို့ခေါ်ပြီး ပညတ်အတိုင်းေ၇ခါးကိုသောက်ခိုင်းကာ သုအပြစ်ရှိ မရှိ ရှာဖွေ သက်သေပြုပါ။ ( ယောက်ျားသည် မယားကို မယုံသောသဘော စွဲလမ်းသော်၎င်း၊ စောင့်ရသောတရားပေတည်း။ ယောက်ျားသည် မယားကိုမယုံ၊ ထာဝရဘုရား ရှေ့တော်၌ ထားသောအခါ၊ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်းစီရင်သဖြင့်၊...တောလည်ရာကျမ်း  ၅း၃၀)

(၁၀၀) ယောက်ကျားသည် သူ၏မယားအား အပျိုစဉ် မစစ်ဟု မမှန် မကန် စွတ်စွဲပြီးမှားခဲ့လျင် ထိုမိန်းမအား တသက်ကွာမရဘဲပေါင်းရမည်။ ( ငွေတပိဿာကို လျော်စေ၍၊ မိန်းမ၏ အဘအား ပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုး ကညာ၏အသရေကိုထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တသက်လုံးထိုမိန်းမနှင့်မကွာရ။ တရားဟောရာကျမ်း အခန်းကြီး ၂၂း၁၉ )

(၁၀၁)  ဖောက်ပြန်သော လင်ယောင်ကျား (သို့) မယားအား ဆက်လက်မပေါင်းသင့်။ (တစုံတယောက်သောသူသည် မယားနှင့်ထိမ်းမြား၍ ဆက်ဆံပြီးမှ တဖန် အပြစ်တင်စရာ အကြောင်း ရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်ပေးသဖြင့်လွှတ်လိုက်ရမည်။တရားဟောရာကျမ်း  ၂၄း၁)

(၁၀၂) သားသမီး မရှိ၊ သေဆုံးသွားသည့် သင့် ညီအကို၏ မယားအား မျိုးမပျတ်ရန် သင်ဆက်လက်ထိမ်းများ လက်ထပ်ယူရမည်။ (အတူနေသော ညီအစ်ကိုတို့တွင်၊ တစုံတယောက်သောသူသည်သားမရှိဘဲသေလျှင်၊ သေသောသူ ၏မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်းကိုမပြုရ။ သူ၏လင်ညီသည် သူ့ကိုသိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သော ဝတ်ကိုပြုရမည်။ တရားဟောရာကျမ်း ၂၅း၅)

(၁၀၃) သင်သည် သေဆုံးသွားသော သင့်ညီအကို၏မယားအား မယူလိုလျင် ထုံးလမ်းအဆင်အရာ အလိုက် ကင်းရှင်းကြောင်းအရှက် သက်သေပြုရမည်။ (ညီသည် အစ်ကိုမယားကိုမယူလိုလျှင်၊ မိန်းမသည် အသက်ကြီးသူတို့ ရှိရာမြို့တံခါးဝသို့သွား၍၊ ကျွန်မ၏လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး၌ မတည်စေလိုပါ၊ သူပြုအပ်သော ဝတ်ကိုမပြုလိုပါဟုလျှောက်လျှင်။ မြို့၌အသက်ကြီးသူတို့ သည်ထိုသူကို ခေါ်၍မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွုန်ုပ်မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်။သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာသူ့အပါးသို့ချဉ်း၍ သူ၏ခြေနင်းကိုချွတ်လျက်၊ သူ၏မျက်နှာ၌ တံတွေးထွေးလျက်၊ မိမိအစ်ကိုအိမ်ကို မဆောက်လိုသောသူ၌ ဤသို့ပြုသင့်သည်ဟု သူ့အားပြန်ပြောရမည်။ တရားဟောရာကျမ်း ၂၅း၅)

(၁၀၄) သင်၏မိဘကို မရိုက်နက်၊ မသတ်ရ။ (မိဘကို အသေသတ်သောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ ထွက်မြောက်ရာကျမ်း ၂၁း၁၅)

(၁၀၅) သင်၏မိဘ ကိုမကျိန်ဆဲရ။ (မိဘကိုကျိန်ဆဲသောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ ထွက်မြောက်ရာကျမ်း ၂၁း၁ရ)

(၁၀၆) လင်ငယ်ထား ပြီးရသောသားသည် ထားဝရဘုရား၏အစုအဝေး တွင်မပါဝင်ရ။ ( မျောက်မထား၍ရသောသားသည် ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ ဆယ်ဆက်မြောက်အောင်မဝင်ရ။ တရားဟောရာကျမ်း ၂၃း၂)


(၁၀၇) ယောက်ကျား လိင်အင်္ဂါ မစုံလျင်၊ ချို့တဲ့နေသာ သူသည် ထားဝရဘုရား၏အစုအဝေး တွင်မပါဝင်ရ။ ( ယောက်ျား၏ အင်္ဂါလက္ခဏာမစုံလင်၊ ချို့တဲ့သောယောက်ျားသည် ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ တရားဟောရာကျမ်း ၂၃း၁)

(၁၀၈) အမ္မုန်အမျိုးသား၊ မောဘအမျိုးသားသည်လည်း ထားဝရဘုရား၏အစုအဝေး တွင်မပါဝင်ရ။ (အမ္မုန်အမျိုးသား၊ မောဘအမျိုးသားသည်လည်း၊ ထာဝရဘုရား၏ ပရိသတ်တော် ၌ အပါအဝင်မဖြစ်ရ၊ ကာလအစဉ်မကုန်၊ ဆယ်ဆက်မြောက်အောင်မဝင်ရ။ တရားဟောရာကျမ်း ၂၃း၃)

(၁၀၉) ဧဒုံအမျိုးသားကိုမူကား မျိုးနှစ်ဆက်လွန်ပြီးလျင် ထားဝရဘုရား၏အစုအဝေး တွင်ပါဝင်နိုင်သည်။ (ဧဒုံအမျိုးသားကိုမူကား၊ မမုန်းရ။ သူသည်သင်၏ ညီအစ်ကိုဖြစ်၏။ အဲဂုတ္တု အမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည် ကျွန်ခံ ခဲ့ဘူးပြီ။သူတို့အမျိုးအနွယ်သည် သုံးဆယ်မြောက်မှာထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင် ဖြစ်ရသောအခွင့်ရှိ၏။ တရားဟောရာကျမ်း အခန်းကြီး ၂၃း၇)

(၁၁၀)  အဲဂုတ္တု အမျိုးသားကိုလည်း မျိုးနှစ်ဆက်လွန်ပြီးလျင် ထားဝရဘုရား၏အစုအဝေး တွင်ပါဝင်နိုင်သည်။ (ဧဒုံအမျိုးသားကိုမူကား၊ မမုန်းရ။ သူသည်သင်၏ ညီအစ်ကိုဖြစ်၏။ အဲဂုတ္တု အမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည် ကျွန်ခံ ခဲ့ဘူးပြီ။သူတို့အမျိုးအနွယ်သည် သုံးဆယ်မြောက်မှာထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင် ဖြစ်ရသောအခွင့်ရှိ၏။ တရားဟောရာကျမ်း အခန်းကြီး ၂၃း၇)
 


ဆက်ရန်.......






Saturday, May 28, 2011

သင် Anti-Christ ကိုမသိဘဲနဲ့ ကိုးကွယ်မိနေသလား?

မာရ်နတ်ဆိုးဟာ လိမ်ညာခြင်း၏ ဖခင်ကြီးဆို ဒါကိုယုံတယ်နော်(ရှင်ယောဟန်ခရစ်ဝင် ၈း၄၄)။
ကျတော် တတ်နိုင်သလောက် တိုတိုတုပ်တုပ်ကလေး ဘဲရှင်းပြပါရစေ။

ဒံယေလအနာဂတ္တိကျမ်း အရ Anti-Christ ရဲ့လုတ်ရပ် ၂ ခု -

(၁) ဘုရားသခင် ၏ ပညတ်တရားတို့ ကိုပြောင်းလဲစေခြင်း။
(၂) ဘုရားသခင် ၏ ကာလအချိန်တို့ကိုပြောင်းလဲခြင်း။


ဒံယေလအနာဂတ္တိကျမ်း ၇း၂၅
အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရား တို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။


 ဘုရားသခင် ၏ ပညတ်တရားတို့ ကိုပြောင်းလဲစေခြင်း။
Alexander the Great ကွယ်လွန် ပြီးနောက်  သူ၏ Empire သည် ၄ ခြမ်းကွဲခဲ့သည်။ အနစ် ၁၅၀ ခန့် အကြာ၊ ၁၇၅ BC တွင် Antiochus IV Epiphanes ဟုအမည်ရ သောရောမ (Selucid) ဘုရင်သည် ကိုကျိုးရှာ လျက် ဣသရေလအမျိုးတို့အား ၇က်စက်စွာသတ်ဖြတ်၊ ဘုရားသခင်၏ နူတ်ကပတ်တော်နှင့် ဆန့်ကြင်လျက် ...မသန့်ရှင်း သော သားကောင် တို့အားယစ်ပူဇော်၊ Zeus နတ်ဘုရား ရုတ်တုကိုတည်စေ၍..ထာဝရ ဘုရားသခင်၏ ဘိမန်တော် ကိုကြီမားစွာ ညစ်ညူးစေခဲ့တယ်။ ထာဝရ ဘုရား၏ နူတ်ကပတ်တော် ကျမ်းစာလိပ်တို့ကိုလည်း မီးရို့ဖြက်စီးပျစ်ခဲ့တယ်။ နူတ်ကပတ်တော်တို့ကို မလိုက်နာရန်လဲ တားမြစ် ဥပဒေထုတ်ခဲ့တယ်။ ဤလုတ်ရပ်များ ကို "Hellenization" (ဂရိကိုရောမ Greco-Roman ၏သွန်သင်ခြင်းများ) လို့အမည်ရပါတယ်။ ရောမ Empire ကြယ်ပြန့်မူ့ နှင့်တကွ Hellenization သည်လဲ ကမ္ဘာ အနယ်နယ် အရပ်ရပ် သို့ပြန့်ပွားခဲ့တယ်။

သခင်ယေရှု နှင့် တမန်တော်များသည် သည် ဖခင်ထာဝရ ဘုရား၏ နူတ်ကပတ်တော်တို့ကို အင်မတန်နှစ်သက် လိုက်နာခဲ့သူများဖြစ်ကြတယ်(ရှင်ယောဟန်ခရစ်ဝင် ၁၀း၃၀)။ တဖန် တသွေမတိန်း လိုက်နာရန်လဲ သွန်သင် နိုးဆော်ခဲ့သောသူများလဲဖြစ်ကြတယ်။ သို့သော်များလဲ...Hellenized Church ဖခင်ကြီးများတို့၏ လွဲမှားသော် ယူဆချက် အရ ...၃ ရာစု AD ဝန်းကျင်မှစ၍ သခင်ယေရှုအား အဖထာဝရ ဘုရား၏ နူတ်ကပတ်တော်တို့ကို ဖြက်စီးသောသူ..ချိုးဖောက်သောသူ၊ အနေဖြင့် မှားယွန်းစွာ ..လူအများကို သူတို့ သွန်သင်ခဲ့တယ်။ ထိုသူတို့သည်...ကျမ်းစာက ယေရှုမဟုတ်..ယေရှုအသစ်..တရားအသစ်များကို တည်ထောင်ခဲ့ကြတယ်။ ရှင်ပေါလု ကဤအကြောင်း အရာတို့နှင့် ပတ်သက်၍ ကျတော်တို့အား အောက်ပါကျမ်းချက် ဖြင့်သတိပေးခဲ့တယ်။

ကောရိ န္တု သြဝါဒစာဒုတိယစောင် ၁၁း၎
မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကိုအကြွင်းမဲ့ ချစ်သောစိတ်ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏
သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့မဟော မပြောသေးသော ယေရှုတပါး(ယေရှုအသစ်) ကို ဟောပြောသော်၎င်း၊၊  ...


 ဘုရားသခင် ၏ ကာလအချိန်တိုကိုပြောင်းလဲခြင်း။
အထက်ပါ နည်းလမ်း၎င်း....ဒီခေတ်ကာလ မှာ ရောမ Calendar အားဖြင့် လူအများစုဟာ အသက်ရှင်ကြရတယ်။ ရောမ calendar ဆိုဒါ အခုလက်ရှိ English calendar (January, February, March, etc....) ကိုပြောဒါ။ ဘုရားသခင်၏ Calendar သည် ရောမ calendar မဟုတ်ပါ။  ဘုရားသခင်သည် သူဖန်ဆင်း တော်မူသော နေ၊ လ၊ အသီးအနံရာသီ တို့အားဖြင့် အချိန်မှန် ကိုတွက်ချက်ရန် သွန်သင်ပေးခဲ့သည် (ကမ္ဘာဦးကျမ်း ၁း၁၄)။ သို့တွင်မက..သုထံသို့ ယုံကြည် ကိုးစားသူများ တနစ် ၃ကျိန် တိုးဝင်ခြည်းကပ် ရန်လဲနေ့မြတ်တော်များ (The Feasts of The Lord) ကိုသတ်မှတ် ညွန်ကြားခဲ့သည် (ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၃း၁၄၊ ၀တ်ပြုရာကျမ်း ၂၃)။

                                                                Constantine 1

သို့သော်များလဲ...ရောမဘုရင် Constantine I သည် AD ၃၂၅ ခန့်တွင် မေရှိယ (ခရစ်တော်) ကိုလက်ခံသည် ဟု အယောင်ဆောင်ပြီး Roman Catholic (Mithraic တိုးကွယ်ခြင်း၏အဆက်) ဘာသာကို လောကနိုင်ငံရေး အတွက် တည်ထောင်ခဲ့တယ်။  ဘုရားသခင်၏ နေ့မြတ်တော် တို့ကိုပါယ်ဖြက် လျက်...နေနတ် ကိုးကွယ်သော ခရစ်မတ်(စ်) ပွဲတော်၊ နတ်သူရဲမ Easter (Ishtar) နေ့တို့ဖြင့် အစားထိုးလဲလည်ခဲ့ကြသည်။ ဘုရားသခင်၏ ၇ရက် မြောက် တ္တသမ သန့်ရှင်းသော ဥပုသ်နေ့ရက်  ကို ပထမနေ့ ("Sun" day) နှင့်ပြောင်းလဲ၊ မသန့်ရှင်းသော   အရာများနှင့်၊ သန့်ရှင်းသော အရာများကို ရောနောဖလယ် ခဲ့တယ်။

ယေဇကျေလအနဂတ္တိကျမ်း  ၂၂း၂၆
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကို ဖျက်၍၊ ငါ၏ သန့်ရှင်းရာဌာကိုလည်း ညစ်ညူးစေကြ၏။ သန့်ရှင်း သောအရာ၊ မသန့်ရှင်းသောအရာ တို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သော အရာတို့ကို ရောနှော ကြ၏။ ငါ၏ ဥပုသ်နေ့တို့မှ လည်းမျက်နှာ လွှဲကြ၏။ သူတို့အလယ်၌ ငါသည် ရှုတ်ချခြင်းကို ခံရ၏။

တဖန် "Hellenization"  ဖြစ်ရပ်ကို ဒီအကြောင်းအရာ မှာတွေ့ရပြန်တယ်။

၁၅ ရာစုAD ဝမ်းကျင်တွင် ..ထို Roman ဘာသာ၏ မှားယွန်းချက် တို့ကိုနားလည် သိရှိလျက် လူအချို့သည် Protestants (Lutheran, baptists, methodists..etc) အနေဖြင့် ခွဲံထွက် ခဲ့ကြသည်။ သို့သော်လည်း...Roman Catholic ၏ များစွာသော ဓလေ့ထုံးစံတို့သည် Protestants တို့တွင်ဆက်လက် ပါရှိလာကြောင်း ကိုယနေ့တိုင် တွေ့ရှိရ သည်။

ထို့ကြောင့်...စိတ်မကောင်းစရာက...ယနေ့ ခရစ်ယာန်အများစု သည် အဲဒီ Constantine တီထွင်ခဲ့သော Hellenized  ဘာသာ၏ ဓလ့ထုံးဆံတို့ ကိုမသိ လစ်လူရှု့လျက် ဆက်လက် ကိုးကွယ်လိုက်နာလျက်ရှိကြသည်။



  (December 25th ၏ အမြစ်၊ Roman Church Fathers တို့၏ Mithra (Tammuz) နေနတ်  ကိုးကွယ်ခြင်း၊ နောက်တော့ ဒါဟာ Hellenized Christianity ဖြစ်လာခဲ့တယ်)

ညီအကိုမောင်နှမတို့....ဤအကြောင်းအရာတို့ကို ဆက်လက်လေ့လာလျက်...ကို့ဟာကိုပြန်မေးပါ....Anti-Christ ကဘယ်သူလဲ။
ကျမ်းစာအရ ....ဘုရားသခင် ၏ ပညတ်တရားတို့ ကိုပြောင်းလဲစေခြင်း....ဘုရားသခင် ၏ ကာလအချိန်တို့ကိုပြောင်းလဲ
စေသောသူ..တိုက်တွန်းနိုးဆော် တတ်သော သူတို့ကိုအထူးသတိထားရန် လိုအပ်ပါတယ်။

စင်ကြယ်သောအရာ၊ မစင်ကြယ်သော အရာတို့ကို ရောနှောခြင်းကို ရပ်၍...ဘုရားသခင် သုအားစစ်မှန်စွာ ယုံကြည်ကိုးကွယ် သူတွေကို အသိတရားပေး ခြင်းကိုနားညောင်းလော့။ သခင် ယေရှုမေရှိယ အားယုံကြည် ကိုးစားလျက် ၊ သန့်ရှင်းသော ဝိညင်တော်ကို သင့်ဠ် တည် စေ၍ မြတ်စွာသော ပညတ်တို့ဖြင့် လမ်းမှန်သို့ပြန်လာကြလော့။

ဗျာဒိတ်ကျမ်း ၁၈း၎
ငါ၏လူမျိုးတို့၊ သူမ(mixed worship)၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူမ၏ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း ကင်းလွတ်အံ့သောငှါ၊ သူမ၏အထဲကထွက်ကြလော့ 

Shalom!
ကိုညီညီ (Yisra'el)

Monday, May 16, 2011

ခရစ်ယာန်တိုင်း သိရှိရန်လိုအပ်တဲ့ သမိုင်းကြောင်း

သီးသန့် (set-apart) ဝိညင်တော် ကျတော့်အားဖေါ်ပြချက်အရ.....အနည်းငယ်ဝေငှလိုပါတယ်။

ဣသရေလပြည်ကြီး (12 Tribes) သည် ရှောလမုန်မင်း ကြီးအပြီး ၂ ခြမ်းကွဲကွာခဲ့သည်။ တောင်အပိုင်း ယုဒ (2 Tribes) အဖြစ်၊ နှင့် မြောက်ပိုင်း ဣသရေ /Ephraim (10 Tribes) အဖြစ် .ဟူ၍.တယောက် တလမ်း ကိုယ်စီ ခွဲခွါခဲ့ကြသည်။ ကွဲကွာသွားသော ၂ ပိုင်းစလုံး..ထာဝရဘုရားသခင်၏ စကားတော် (Torah) ကို နားမထောင်သောကြောင့် တိုင်းတပါးနိုင်ငံတို့၏ တိုက်ခိုက်မူ့ဖြင့် ...722BC တွင် ဣသရေ အပိုင်းပြက်စီးပြိုကွဲခဲ့သည်။ ထိုနည်း၎င်း...586BC တွင် ယုဒ အပိုင်းလဲပြက်စီးပြိုကွဲခဲ့သည်။ အနှစ် ၇၀ အကြာ ...ယုဒပြည်သည် ကျန်ရစ်လွတ်မြောက်လာသောသူ အချို့ဖြင့့် ပြန်လည်တည်ထောင်နိုင်ခဲ့သော်လည်း နောက်ထတ် အနှစ် ၅၀၀ ကျော်အကြာတွင် ပြန်လည်ပျက်စီးပြိုကွဲခဲ့သည်။

အနှစ် ၂၀၀၀ ခန့်အကြာ၊ ၁၉၄၈ ခုနှစ်တွင် တဖန် ..ထိုယုဒပြည် (2 Tribes) မှ ကျန်ရစ်သောသူ အချို့ဖြင့်  ယကနေ့ ကျတော်တို့ တွေ့မြင်ရသော ဣသရေနိုင်ငံ (The Jews = Judah Tribe) ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။ သို့သော်များလည်း...722BC တွင်ပျောက်ဆုံးသွားသော မြောက်ပိုင်း ဣသရေ/Ephraim (10 Tribes) ဒီကနေ့ ဒီအချိန်..အထိ အစအန ရှာလို့မရတော့ခြေ။...သူတို့ဘယ်တွေရောက်သွားကြသလဲ????

အဖြေ များစွာသောကျမ်းချက်ထဲက ဒီတခုမှာတွေ့နိုင်ပါတယ် - ဟောရှေအနာဂတ္တိကျမ်း ၉း၁၇
"ငါ့ဘုရားသခင်၏ စကားတော်ကို နားမထောင်သောကြောင့် စွန့်ပစ်တော်မူ၍၊ သူတို့သည် တပါးအမျိုးသားတို့တွင် အရပ်ရပ်သို့လှည့်လည်ရကြသည်

သူတို့တကမ္ဘာလုံးသို့ကွဲပြားခဲ့ကြတယ်။ .....မြန်မာပြည်သို့ အပါအဝင်ပေါ့....
ကို့၏အမြစ် ဘိုးဘေးတို့ ကိုမမှတ်မိ မသိတော့ဘဲ ..ရောက်လေယာအရပ်မှာ ဘဝမေ့ ဇတ်မြုတ်ခဲ့ကြတယ်။

သင်ဟာ ပျောက်ဆုံးသွားတဲ့ ဣသရေ အမျိုးများ ဖြစ်ကောင်းဖြစ်နေမလား။
နောက်ဆုံးသောကာလတွင်...ဒီအကြောင်းနဲ့ပတ်သက်လို့....ကျမ်းစာက ဘာတွေဟောထားသလဲ။

ယေဇကျေလအနဂတ္တိကျမ်း ၃၇း၂၁
"အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆိုရမည်မှာ၊  ဣသရေ လအမျိုးသားတို့ရောက်သော တပါးအမျိုး သားတို့နေရအရပ်ရပ်တို့မှ သူတို့ကို ငါခေါ်ခဲ့၍၊ စုဝေးစေပြီးလျှင် သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။"

ဟေဗြဲသြဝါဒစာ ၈း၉-၁၀
 "...... ဣသရေလအမျိုးသားယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။......ငါသည်သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြ လိမ့်မည်။"

ဣသရေလအမျိုးသား နှင့် ယုဒအမျိုးသားတို့ ပြန်လည်ပူးပေါင်းစေခြင်း သည် ဘုရားသခင်၏ အကြံအစီ တော်ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုအား အဓိက စေလွတ်ခြင်းသည် ဤအကြောင်းအရာ အတွက်ဖြစ်သည်။ 




သခင်ယေရှု၏စကား....

ရှင်မဿဲခရစ်ဝင် ၁၅း၂၄
ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင်ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိရာသို့ ငါ့ကိုမစေမလွှတ်ဟုမိန့်တော်မူ၏။  

ဘုရားသခင်၊ ၁၉၄၈ ခုနှစ်တွင်ထူးချားစွာ ယုဒ ကိုပြန်လည်တည်ထောင်ပြီ....ထိုနည်း၎င်း...အခုလက်ရှိ သူ ဣသရေ အပိုင်းကိုလည်း ပြန်လည်တည်ထောင်နေပြီ....ဒါဝိတ်မင်း လက်ထက်က လို တစုတည်းသော ဣသရေလနိုင်ငံတော်ကြီး  ပြန်လည်တည်ထောင်ရေး သည် ဘုရားသခင်၏ ဟောပြောချက်..အလိုတော်ဖြစ်သည်။

ဘုရားသခင်သည် ဣသရေလအမျိုး မှတပါး ဘယ်လူမျိုးကိုမှ သူ၏ရတနာ အဖြစ်မရွေးချယ်ပေ။ ထို့ကြောင့် သင်သည်  ဣသရေလဟေဗြဲ အမျိုးမဟုတ်လျင် ...သင့်ဠ် ဘုရားသခင်၏ ကတိ ဘာမှမရှိ။...သင်သည် ကို့ဟာကို...Gentile လို့သာယူဆလျင် သင်နှင့် ခရစ်တော် (မေရှိယ) ၊ ဣသရေလဟေဗြဲ တို့၏ကတိ နှင့်ဘာမှမသက်ဆိုင်။  

သို့တွင်မက....ဘုရားသခင်၏ မြို့သစ်တွင်..Gentile ခရစ်ယာန် ဝင်ပေါက်ဟူ၍ မတွေ့...ဣသရေလအမျိုးများ၏ ဝင်ပေါက်များသာတွေ့သည် (လေ့လာရန်...ဗျာဒိတ်ကျမ်း ၂၁း၁၂-၁၃)။

ဆာလံကျမ်း  ၁၄၇း ၁၉-၂၀
နှုတ်ကပတ်အမိန့်ကတိတော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့ချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြ တော်မူ၏။
အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ၊ စီရင်တော်မူချက်များကို  သူတို့မသိရကြ၊၊

ထို့ကြောင့် ရှင်ပေါလုက  ဣသရေလဟေဗြဲ အမျိုးအဖြစ်ခံယူရန် အခြားတိုင်းရင်းသားတို့ကို တိုက်တွန်း နိုးဆော်ခဲ့သည်....

ဧဖက်သြဝါဒစာ ၂း၁၂-၁၃
ထိုအခါ သင်တို့သည် မေရှိယ ကိုမသိ၊ ဣသရေလအပေါင်း အသင်း၌ မဝင်ဂတိတော်ပါသော ပဋိညာဉ်တရားတို့နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့နေကြ သည်ကိုင်း၊ အောက်မေ့ကြလော့။
သင်တို့သည် အထက်ကဝေးလျက် ရှိသော်လည်း၊ ယခုမှာ မေရှိယ၌ ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။
 
ဒါဖြင့်..ဘယ်လို ဣသရေလလူမျိုး အဖြစ်ခံယူရမှာလဲ?

ညီအကိုမောင်နှမတို့....သင်သည် ဣသရေလလူမျိုးတို့၏ဘုရင် ယေရှု မေရှိယ အား သင်၏တပါးတည်းသော ကယ်တင်ရှင် အဖြစ် လက်ခံယုံကြည်လျင် သင်သည်  ဣသရေလ လူမျိုး အဖြစ်ခံယူခြင်းဖြစ်သည် (ဂလာတိသြဝါဒစာ ၃း၇)။ သို့သော်လည်း ပေါ့ပြက်ပြက်..စိတ်နှလုံးမပါဘဲ..နူတ်ဖြင့်သာယုံ၍မရ။ .ဣသရေလလူမျိုးအဖြစ်ခံယူ ပြီးသောသူတိုင်း သည် ..ဘုရားသခင်ချမတ်ထားသော ပညတ်တော်များအရ လိုက်နာအသက်ရှင်ရမည်ဖြစ်သည်။ သင်သည် သီးသန့်တဆူတည်းသော ဘုရား၏ ...သီးသန့်ရတနာဖြစ်သည့်အတွက်ကြောင့်...သင့်အားသီးသန့်ဖြစ်စေသော...ဤသီးသန့်ပညတ်တော်မြတ်များတိုဖြင့် အသက်ရှင်ရမည်ဖြစ်သည်။

ဘုရားသခင်၏ ပညတ်များသည် ဣသရေလ အတွက်သတ်သတ်...အခြားသောသူ (gentiles) များအတွက်ဟူ၍သတ်သတ် မရှိ...သုအား ယုံကြည်လက်ခံ သူအားလုံး တစုတဝေးတည်း၊ တသတ်မတ်တည်း ကိုယ်စိတ်နှလုံး အလုံးစုံဖြင့် လိုက်နာရန်ဖြစ်သည်။

တောလည်ရာကျမ်း ၁၅း၁၆
.... သင်တို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်သော သူတို့သည်၊ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော တပါးတည်းသော ထုံးစံရှိသည်နှင့် ထာဝရဘုရားရှေ့တော်၌ သင်တို့သည် ဖြစ်သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။  သင်တို့ကိုယ်တိုင်မှစ၍၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသားတို့သည် တပါးတည်းသောတရား၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။

ညီအကိုတို့မောင်နှမတို့ ....ဤအကြောင်းအရာတွေ အားဖြင့်  အံ့သြ သွားသလား။ သင်၏ဣသရေလအသွေး တော်စပ်ခြင်းအားဖြင့်သော်၎င်း..ယုံကြည်ခြင်းအားဖြင့်သော်၎င်း..ယာဟူဗါဝ် ထာဝရဘုရား ..သူ၏စစ်မှန်သော အထုံးအဖွဲ့တော်တို့ ကိုဆက်လက်ဖေါ်ပြရန် ကျတော်ဆုတောင်းလျက်ရှိပါတယ်.........ဤကျမ်းချက် လေးနဲ့ နိဂုန်းခြုတ် ပါရစေ....


ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇း၁၃-၁၄
ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်ဆီးခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည် ဖြစ်၍၊  တွေ့ဝင်သောသူတို့သည် နည်းကြ၏။

(ဆက်လက်လေ့လာရန် - ကျတော်တို့ မြန်မာပြည်သို့ ရောက်ရှိလာခဲ့သော ဟေဗြဲလူမျိုးများ၏ သမိုင်း link)

Shalom!
ကိုညီညီ (Yisra'el)












Monday, May 9, 2011

ကျမ်းစာကို ဟေဗြဲရှု့ဒေါင့် ကနေ အဓိပါယ်ယူဖို့ ဘာကြောင့် အရေးကြီးသလဲ ?

- ထာဝရဘုရားသခင် သည် ဘယ်လူမျိုးကိုမှမရွေး.. ဟေဗြဲ လူမျိုးများအား သူ၏အလိုတော် ကို လောကသို့ ဖော်ပြရန် ရွေးကောက်ခဲ့သည်။

- တမန်တော်များ အားလုံးသာမက ကျမ်းစာ ကိုရေးသားပြု စုခဲ့သောသူများ သည်လဲ ဟေဗြဲ လူမျိုးများဖြစ်ကြသည်။

- ဟေဗြဲ Culture သည် ဘုရားသခင်၏ နူတ်ကပတ်တော် ကိုမှီဝဲ အခြေခံ လျက် ဖြစ်ပေါ်လာသော Culture ဖြစ်သည်၊.... ရှိပြီးသား Culture ကိုဘုရားသခင် ရွေးကောက်ခဲ့သည်မဟုတ်။

- သခင်ယေရှု သည်လဲ ဟေဗြဲ စကားပြောသော .. ဟေဗြဲ လူမျိုးဖြစ် သည်။

ဟေဗြဲ မှ ဂရိ၊ ...ဂရိ မှ ..အခြားသောစကား ဘာသာများ..မှတဆင့်...English ..မြန်မာ စသည်ဖြင့် အပြောင်းအလဲတွင် ကျမ်းစာ၏ အဓိက ရည်ရွယ်ချက်၊ အနက်အဓိပါယ် မြောက်များစွာသည် မှားယွန်းစွာ ကောက်ချက်ခြ လမ်းလွဲခဲ့ကြသည်။ 

ဒါကြောင့် ဒီကနေ့ ခရစ်ယာန် များသည် ကဘာပေါ်မှာ အများဆုံးသော ဘာသာလူထုဖြစ်သော်လဲ စည်းလုံးညီညွတ်မူ့ မရှိကြခြေ။... ဂိုင်းဂန်ဒ အမျိုးမျိုး၊ ..ကျမ်းစာကို အကန်း ၆ ယောက်..ဆင်စမ်းနေသလို တယောက် တမျိုး အဓိပါယ် တွေယူခဲ့ကြတယ်။

ဧဝံဂေလိ လုပ်ငန်းတွေကလဲ စတိတ်ရှိုးနဲ့ ကိုးယိုးကားယား၊ ပါးစပ်က ယေရှုလို့ ပြောရင်ပြီးယော စင်ပေါ်မှာ လုပ်ခြင်ဒါ အကုန်တက် လုပ်တယ်...၊ ပါဝင်သူအများဟာလဲ..နူတ်ဖြင့်သာပြောင်းလဲပြီး ..အသက်တာပုံသက်သေ ပြောင်းလဲ မူ့ဘာမှမတွေ့ရဘူး။

ဘုရားသခင် ၏နေ့မြတ်တော်တို့ကို လစ်လူရှု့ပြီး ..မစားရန်တားမြစ်ထားသော ဝက်သား၊ ကြမ်းတွင်တွားသော ပုဇွန် စသည်ဖြင့်တို့ကို သုံးစွဲလျက်...Christmas...Easter နေနတ် ကိုးကွယ်ခြင်းပွဲ တို့ကိုကြင်းပလျက်နေတယ်။

သခင်ယေရှု ၏သွန်သင်ခြင်း၊...ပထမ တမန်တော်တွေရဲ့ ယုံကြည်ခြင်း၊ အသင်းတော်၊ ဧဝံဂေလိ အမူ့တော်တွေ ဟာဒါမျိုးဘဲလား ?

ကျွန်တော်တော့ မထင်ဘူး.....ကျမ်းစာ ကလဲမဟုတ်ဘူးလို့ဖေါ်ပြပါတယ်။

ကျမ်းပိုက် တခုဖတ်မယ်....

"ထာဝရဘုရားမိန့်တော်မူသည်ကား၊ လမ်းနားမှာ ရပ်၍ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေ လျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ်နှလုံးသက်သာကြလိမ့်မည်။......" (ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၆း၁၆)

မောင်နမတို့  ရှေးလမ်းဟောင်းတို့ကို ရှာဖွေ လျက် ...ဘုရားသခင် ၏စစ်မန်ခြင်းသို့ (၁) ယုံကြည်ခြင်း (၂)ပညတ် (Torah - တိုရာရ်) တို့ ကိုလိုက်နာ စောင့်ထိမ်းခြင်း....တို့ဖြင့်အတူတကွ  ခြည်တက်ကြပါဆို့။

Shalom!
ကိုညီညီ


Wednesday, December 15, 2010

"ဟဲ...အဲဒါကြီးက ဘာလဲဟင်"

 "အဲဒါကြီးက ဘာလဲဟင်" ...ဆိုတဲ့မေးခွန်းဟာ ကျွန်တော်အမြဲလိုလို ကြားနေရတဲ့ မေးခွန်း တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ Worship Band ဂုဏ်တော်ချီးမွန်းခြင်းပွဲ အပီးတိုင်း လူကြီးခလေးမှအစ ကျွန်တော့်လက်ထဲ ကိုင်ထားသော တူရိယာ ကိုအမြဲတန်း စိတ်ဝင်တစား မေးလေ့ရှိပါတယ်။ တချို့ကလဲ ပုလွှေ လို့ဆိုသဘဲ ...တချို့ကလဲ ကိုညီညီရဲ့ နှဲ တယ်ကောင်းဆိုဘဲ။ တချို့ကလဲ...ဟို "တော်တော်" အသံ ထွက်သည့်အရာတဲ့၊... ကျွန်တော်ကို ရှင်းပြ ခွင့်ပြူပါ။


ကျွန်တော် အသုံးပြုတဲ့ တူရိယာ ဟာ "တတော်တော်"  နဲ့ အသံမည် ဒါတော့မှန်ပါတယ်... ဒါပေမဲ့ ပုလွှေလဲ မဟုတ်ဘူး...နှဲ လိုလဲဆိုလို့မရပါဘူး၊ ဤတူရိယာ ဟာ ဟေဗြဲ လို "Shofar", မြန်မာလို "တံပိုး" ဟုအမြည် ရပါတယ်။ ဤတူရိယာ သည် လူတို့၏ အားအင်ဖြင့် တီထွင် ဖန်တီး ထားသော တူရိယာ မဟုတ်ပါ။ ထာဝရဘုရား ဖန်ဆင်း ထားသော  အသွေးအသား ရှိတဲ့ သန့်ရှင်း   တရိဆာန် (သမင်) ၏ ဂျို ပင်ဖြစ်ပါတယ်။


ကျမ်းစာအရ တံပိုး ကို သုံးစွဲပုံ နည်းလမ်းများ -

(၁) လက်နက် အနေဖြင့်

ယောရှုမှတ်စာ ၆း၂၀ (ယောရှု အားတံ ပိုးမုတ်  ခြင်းဖြင့် အင်အားကြီးမား သော Jerico ကိုသိမ်းပိုက်ခြင်း)
ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ ယောရှု၏လူအများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကိုကြား၍ ကျယ်သော အသံနှင့် ကြွေးကြော်ကြသောအခါ၊ ၇န်သူ၏ မြို့ရိုးသည် အကုန်အစင်ပြိုလဲ၍၊ ယောရှု၏လူအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့် ဝင်ပြီးလျှင်၊ သိမ်းယူကြ၏။ 


တရားသူကြီးမှတ်စာ ရး၂၂ (ဂိဒေါင် တို့၏ တံပိုးသံ ဖြင့် ရန်သူ တို့အားတွေဝေ ခြေမုန်း ခြင်း)
ဂိဒေါင်၏ လူသုံးရာတို့သည် တံပိုးမှုတ်သောအခါ၊ ထာဝရဘုရား၏ တန်ခိုးတော်ကြောင့်၊ ရန်သူ တပ်သားအပေါင်းတို့သည် တယောက်ကိုတယောက် တိုက်၏၊ ဇေရရတ်အရပ် ဗက်ရှိတ္တမြို့သို့၎င်း၊ တဗ္ဗတ်မြို့နားမှာ အာဗေလမဟောလမြို့နာသို့၎င်းပြေးကြ၏။ 


 (၂) ထာဝရဘုရား၏ တန်ခိုးတော် မဆင်းကြွှမြည် လူအပေါင်း တို့စုဝေးရန် သတိပေးခြင်း

ထွက်မြောက်ရာကျမ်း ၁၉း၁၆၊ ၁၉ (ပညတ်တော်မြတ် တို့အား မဖေါ်ပြမည် တံပိုးသံ ဖြင့် လူတို့ အား သတိပေးခြင်း)
သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့် တကွ မိုဃ်းတိမ် တိုက်လွှမ်းမိုး၍ ကြီးသော အသံနှင့်တံပိုးမြည်သဖြင့်၊ တပ်၌ရှိသော လူအပေါင်းတို့သည် တုန်လှုပ်ကြ၏။.....တံပိုး မြည်သံသည် ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည်ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ၏။




(၃) ဂုဏ်ကျေးဇူးတော် ချီးမွန်းခြင်း တူရိယာ အဖြစ်

ဆာလံကျမ်း ၄၇း၆
ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင်ဝမ်းမြောက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရားဝမ်းမြောက် တော်မူ၏။  
עָלָה אֱלֹהִים, בִּתְרוּעָה;    יְהוָה, בְּקוֹל שׁוֹפָר. 



ဆာလံကျမ်း ၉၈း၆
တံပိုးခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရား ရှေ့တော်၌ ကြွေးကြော်ကြလော့။
 בַּחֲצֹצְרוֹת, וְקוֹל שׁוֹפָר--    הָרִיעוּ, לִפְנֵי הַמֶּלֶךְ יְהוָה. 



ဆာလံကျမ်း ၁၅၀း၃
တံပိုးမှုတ်ခြင်း ဖြင့်ချီးမွမ်းကြလော့၊၊   הַלְלוּהוּ, בְּתֵקַע שׁוֹפָר;    הַלְלוּהוּ, בְּנֵבֶל וְכִנּוֹר.




ထာဝရဘုရား သည်သူ၏ကြွယ်ဝသော ဘုန်းတန်းခိုးတော် အားဖြစ်    ကျွန်တော့်အား ဤအကြောင်း အရာများ ကိုဖေါ်ပြ ခဲ့ပါသည်။ ကျွန်တော် တို့အဖွဲ့ ထာ၀၇ဘုရား ဖေါ်ပြ သည့်  အတိုင်း တံပိုးမုတ်လျှာက် အနယ်နယ် အရပ်ရပ် သို့ လဲ့လည် ဂုဏ်တော် သီချင်းများ သီဆို၊ ပညတ်တော် မြတ်များသို့ ပြန်လည် လိုက်နာရန် တိုက်တွန်း၊ ယေရှုသခင်၏ ကယ်တင်ခြင်း သီတင်း ကောင်းများ ဝေင သောအခါ  ရန်သူ မာနတ် ဆိုး၏ အတားအစီး များကို ထူးချား အံ့ဖယ်စွာ ဖြိုခွဲ အနိုင်ရယူ ခြင်း၊ ပါဝင်သူ လူအပေါင်း အပေါ် ထာဝရဘုရား၏ ၀ိညင်တော် ဆင်းသက်ခြင်း၊ ထာ၀၇ဘုရား၏ နှစ်သက် ရင်းနီးခြင်း စသည်ဖြင့် ကောင်းကြီး မင်ဂလာ အပေါင်း တို့ကို ခံစားတွေ့ ရှိခဲ့ရ ပါတယ်။


မိတ်ဆွေတို့ ....တံပိုး မုတ်သံ တို့ ကိုသင် ကြားလျှင် ယေရှုသခင် ဒုတိယ အကြိမ် ပြန်လာမည့် အောက်ပါ ကျမ်းချက် အား သတိရ စေလို ပါတယ်။


ဗျာဒိတ်ကျမ်း ၈း၂ ၊ ၁၀း၇
ဘုရားသခင့် ရှေ့တော်၌ ရပ်နေသော ကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနစ်လုံးကိုပေး၏။ .....ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာသိတင်းကို ဗျာဒိတ်ထား တော်မူသည်နှင့် စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသောအရာသည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သော နေ့ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်ဟု ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကို၎င်း၊ အရပ်ရပ်၌ ရှိရှိသမျှတို့ကို၎င်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။


သတ္တမကောင်းကင်တမန် ၏ တံပိုး မုတ်သံ ကို အယောက် စီတိုင်း ကြားမြင် နိုင်ပါ စေ လို့ဆုမွန် ကောင်း တောင်းလျှာက်.....


ယေရှုသခင်၏ ကောင်းမြတ်ခြင်း၌ ...Shalom!
ကိုညီညီ


တံပိုးမုတ် လျှက်ဆက်ကပ်ခြင်း ဗီဒီယို -


 

Friday, December 10, 2010

အပြစ်ဆိုဒါဘာလဲ...သင်အပြစ်တွေဆက်လုပ်နေသေးလား?

အပြစ်ဆိုဒါဘာလဲ....အဖြေကိုအောက်ပါ ကျမ်းစာတွင်တွေ့ရှိနိုင်ပါသည် - 

ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၎
"အပြစ်ဒုစရိုက်(sin)ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ အပြစ်ဒုစရိုက်သည်ကား ပညတ်တော် ကိုလွန် ကျူးခြင်းဖြစ်သတည်း။"

ထာ၀၇ဘုရားရှင်၏ပညတ်တော်များကို  ကျမ်းစာပဋ္ဌမ ၅စောင် (ကမ္ဘာဦးကျမ်း မှ တရားဟောရာကျမ်း အထိ - Torah) တွင် တွေ့ရှိနိုင်ပါသည်။ 

ဆက်လက်လေ့လာရန် -


ရှင်ယောဟန်သြဝါဒစာပဌမစောင်။ ၂း၃
ယေရှုကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်းယေရှုကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။ ယေရှု၏စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ယေရှုရှိ ကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။ ယေရှုခင်၌ ငါသိ၏ဟု ဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ရမည် (ပညတ်တော်တို့ကိုလိုက်နာခြင်း)

ယေရှုသခင်သည် သူ၏နှောက်လိုက်များအား အစဉ်အမြဲ အဖခမည်းတော်၏  ညွန်ကြားသွန်သင်ချက် ပညတ်တော်တို့ကိုလိုက်နာရန် တိုက်တွန်းသောသူ ဖြစ်၏၊ အဖခမည်းတော်၏ စကားအား လိုက်နာရန် မလိုတော့ပါဟု သွန်သင်ခြင်းသည် မာနတ်ဆိုး၏ အပြုအမူဖြစ်သည်။ (အာဒန် ရဲ့အဖြစ်အပြက် ကိုသတိရပါ)

ပညတ်တော်တို့သည် ဣသရေလလူမျိုးများအတွက်သာမဟုတ်၊ ထာ၀၇ဘုရားရှင်အားယုံကြည်ကိုးစားသော သူလူအပေါင်းအတွက်လိုက်နာရန်ဖြစ်ပေသည်။
 
သခင်ယေရှုမေရှိယ၌ ......Shalom!
ကိုညီညီ